အခုတင်ပေးမှာကတော့ SP Flash Tool ရဲ့နောက်ထွက် verison ဖြစ်တဲ့ 5.1 နဲ့ Firmware တင်နည်းဖြစ်ပါတယ် တင်ပုံတင်နည်းကတော့ အရင် version အတိုင်းပါဘဲ့ ပုံစံလေးကွာသွားတာလောက်ပါဘဲ့ အောက်မှာ SP Flash Tool 5.1 Download ကို ဒေါင်းယူလိုက်ပါ
ဒေါင်းလို့ရလာတဲ့ဖိုင်ကို WinRAR နဲ့ဖြေလိုက်ပါ password တောင်းရင်တော့ www.minminchit.org လို့ထည့်ပေးလိုက်ပါ ရလာတဲ့ဖိုင်ထဲကနေ အောက်ကပုံမှာ အနီရောင်းလေးနဲ့ဝိုင်းပြထားတဲ့ flash tool ကို နှိပ်ပြီးဖွင့်လိုက်ပါ
အောက်ကပုံအတိုင်းပေါ်လာလိမ့်မယ် ပေါ်လာတဲ့ Tool ထဲမှာအနီရောင်ဝိုင်းပြထားတဲ့နေရာက
Scatter-loading ပေါ်တစ်ချက်နှိပ်ပြီး တင်မယ့် Firmware ဖိုင်ထားထားတဲ့နေရာကိုသွားပါ
တင်မယ့် Firmware ဖိုင်ထဲက အောက်ကပုံမှအနီရောင်ဝိုင်းထားတဲ့ဖိုင်မျိုးလိုက်ရှာပါ ( MT နံပါတ်တော့လွဲသည် ) ပြီးရင် Open ကိုနှိပ်လိုက်ပါ
အပေါ်ကပုံအတိုင်းဖြစ်နေလိမ့်မယ် Firmware တင်မဲ့ဖုန်းကိုအရင်ဆုံး ဖုန်းကိုပိတ်ပြီး Battery ကိုဖြုတ်လိုက်ပါ ပြီးရင် USB ကြိုးထိုးပြီးကွန်ပျူတာနဲ့ဖုန်းကိုချိတ်ဆက်ပေးလိုက်ပါ ပြီးရင် Battery ပြန်တပ်ပေးလိုက်ပါ ပါဝါမဖွင့်ပါနှင့် ကွန်ပျူတာကဖုန်းကို သိပြီဆိုရင်အပေါ်က downloand ကိုနှိပ်ပြီးထားလိုက်ပါ ခဏနေအောက်နားမှာရာခိုင်နှုန်းတက်လာပါမယ် အောက်ဆုံးကပုံလို 100% ပြည့်သွားပြီး အစိမ်းရောင်အဝိုင်းလေးနဲ့ အမှတ်ချက်လေးပေါ်လာရင် USB ကြိုးကိုဖြုတ်ပြီး Battery ကိုပါဖြုတ်လိုက်ပါ ပြီးရင် Battery ပြန်တပ်ပြီး Power ဖွင့်လိုက်ပါ Firmware တက်ဖို့နည်းနည်းစောင့်ရပါတယ် ဒါဆိုရင် Firmware တင်လို့ပြီးပါပါပြီ
နည်းပညာတွေကျွမ်းကျင်စွာတတ်ကျွမ်းပြီးလုပ်ဆောင်တာအောင်မြင်ကြပါစေ
credit to>> >> www.minminchit.org
credit to>> >> www.minminchit.org




No comments:
Post a Comment